
ပြင်ဦးလွင်မြို့နယ်တွင် ယခုမတ်လအတွင်း စတော်ဘယ်ရီသီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီး ဖြစ်ပါသည်။ယခင်လများ ပေါ်ဦးပေါ်ဖျားစတော်ဘယ်ရီများကဲ့သို့ အကျိုအမြတ်များရရှိနေကြောင်း၊ ယခင်လများက စတင်ထွက်ပေါ်ချိန်အထွက်နှုန်းနည်းပြီး စတော်ဘယ်ရီ အကြွပ်သီး(၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ် ၊ ချိုမွှေးသီး(၁)ပိဿာလျှင်(၂၀၀၀၀-၂၃၀၀၀)ကျပ်အထိ စျေးရှိခဲ့ပြီး ယခုလတွင် အထွက်နှုန်း(၁)ဧကအပေါ်တွင် နှစ်ဆခွဲခန့်တက်လာကြောင်း၊ယခု စတော်ဘယ်ရီစျေးနှုန်းအနေဖြင့် အကြွပ်သီး(၁)ပိဿာလျှင် (၇၅၀၀/-)ကျပ်၊ ချိုမွှေးသီး(၁)ပိဿာလျှင်(၉၀၀၀၀/-)ကျပ်ခန့်စျေး ရရှိပေမယ့် စတော်ဘယ်ရီစိုက်တောင်သူများအနေဖြင့်တွက်ခြေကိုက်ပါကြောင်း၊ ပင်လိန်အရှေ့ရွာမှ စတော်ဘယ်ရီ စိုက်တောင်သူ ဦးဖိုးသားထံမှ ဆွေးနွေးသိရှိရပြီး စတော်ဘယ်ရီစိုက်တောင်သူများသည်လည်း စတင် စိုက်ပျိုးပြီး အသီးသီးချိန်အထိ ငွေအရင်းအနှီးစိုက်ထုတ်ရပြီး အသီးမှည့်ချိန်မှစ၍ အကျိုးအမြတ် ရရှိနေပြီး အချို့ရောင်းရန်ကျန်ခဲ့သော စတော်ဘယ်ရီအသီးများကိုလည်း Value Added အဖြစ် စတော်ဘယ်ရီဝိုင်ထုတ်လုပ်နေကြောင်းလည်းသိရှိရပါသည်။
DOCA(မန္တလေး)