
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေ ဒေသများတွင် အရိပ်ကောင်းမွန်သည် ထနောင်းပင် ၊မကျီးပင်၊ တမာပင်၊ ကုက္ကိုပင်များအလေ့ကျ ပေါက်ရောက်လျှက်ရှိပါသည်။ယခုနွေရာသီဖြစ်၍ သစ်ရွက်ဟောင်းများကြွေကြပြီး သစ်ရွက်နုကလေး များထွက်သည့်အချိန်ကာလဖြစ်ပါသည်။ယခုအခါ ကုက္ကိုရွက်များနုချိန်ဖြစ်၍ ရွက်နုများကိုခူးယူပြီး ရေးနွေးပူပူဖြင့်ပြုတ်၍ အသုပ်သုပ်စားခြင်း၊ အတို့အမြုပ်အဖြစ်စားသုံးခြင်း ၊ပဲဟင်းချိုရည်ချက်၍ ထမင်းဝိုင်းတွင်ဟင်းလျာအဖြစ်စားသုံးကြပါသည်။ကုက္ကိုပင်မှရွက်နုများကို တပေါင်းလ မှ တန်းခူးလ အထိခူးယူစားသောက်ကြပြီး မကြာမီရောက်ရှိတော့မည့် သင်္ကြန်ကာလတွင် ဥပုသ်သီတင်းစောင့် တည်ကြသည့် ဥပုသ်သည်များအား ကုက္ကိုရွက်သုပ်ကာ ကုသိုလ်ဒါနကျွေးမွေးခြင်းပြုလုပ်၍ ကုသိုလ် ယူကြောင်းသိရှိရပါသည်။ ကုက္ကိုရွက်နုများခူး၍ စျေးများသို့သွားရောက်ရောင်းချကြောင်း သိရှိရခြင်း၊ ကုက္ကိုရွက်အစိမ်း(၁၀)ကျပ်သားလျှင်(၁၀၀၀/-)ကျပ်ဖြင့်ရောင်းချပြီး ကုက္ကိုရွက်ပြုတ်(၁၀)ကျပ်သား လျှင်(၁၂၀၀/-)ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။ တစ်နေ့လျှင် ကုက္ကိုရွက်(၁)ပိဿာ ရရှိပါက (၁၀၀၀၀/-)ကျပ်ဝင်ငွေရရှိပြီး မိမိအရင်းအနှီးမပါဘဲဝင်ငွေရရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)