Main menu

ဇီးသီးခြောက်ဈေးကွက်

Powered by Drupal

          မန္တလေးမြို့အတွင်းသို့မကွေးတိုင်း၊ရေနံချောင်း၊ချောက်နှင့်၊စလေနယ်များမှ အညာဇီးသီး ခြောက်များနှင့်မန္တလေးမြို့အနီးဝန်းကျင်ရှိ ထုံးဘို၊ကျောက်ချော၊ရွှေစာရံ နယ်များမှ ဇီးချိုသီးခြောက် နှင့် ဇီးချဉ်သီးခြောက်များ ဝင်ရောက်လျှက်ရှိပါသည်။ ဇီးသီးခြောက်များကို  ယိုစုံထုတ်လုပ် ရောင်းချသူများနှင့် ဇီးဖျော်ရည်ထုတ်လုပ်ရောင်းချသူများမှ ဝယ်ယူခြင်းများရှိသလို တစ်ချို့ မိသားစုများမှလည်း စားသုံးရန်အတွက် ဝယ်ယူကြကြောင်း သိရှိရပါသည်။ နွေရာသီနှင့် အလိုက်ဖက်ဆုံး အစားအစာတစ်မျိုးဖြစ်သော  ဇီးချိုသီးနှင့်ဆီချဉ်သီးတို့ပေါင်းစပ်၍ ထန်းလျက် နှင့် ရောပြီးယိုထိုးကာစားသုံးကြပါသည်။

ယခုနှစ် ဇီးသီးခြောက်ဈေးကွက်ဈေးနှုန်းအနေဖြင့် မကွေးဘက်မှ ဝင်ရောက်သည့် ဇီးသီးခြောက် အချို (၁)ပြည်လျှင် ၃၅၀၀  ကျပ်မှ ၄၀၀၀ ကျပ်၊ အချဉ်သီး (၁)ပြည်လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ပုသိမ်ကြီးနယ်ဘက်မှ ဝင်ရောက်သည့် ဇီးသီး ခြောက် (၁)ပြည်လျှင် ၃၀၀၀ ကျပ်နှင့် ရောင်းဝယ်မှုရှိကြောင်းသိရှိရပြီး မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ရွှေစာရံဘုရားပွဲတော်ရာသီ တပေါင်းလတွင် အနယ်နယ်အရပ်ရပ်မှ လာရောက် သူများသည် ဒေသခံများ ရောင်းချသည့် ဇီးသီးခြောက်များကို ကြိုက်နှစ်သက်၍ ဝယ်ယူသူများ  များပြားလျက် ရှိပါသည်။ ယခုနှစ် ရွှေစာရံဘုရားပွဲတော်ရာသီ တပေါင်းပွဲတော်တွင်လည်း  ဇီးသီးခြောက် (၁)ပြည် လျှင် ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်ဖြင့် ဝယ်ယူရောင်းချမှုရှိကြောင်းနှင့် ဇီးသီးခြောက်များ ဈေးကွက် အတွင်း အရောင်းအဝယ်သွက်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)