Main menu

ကြက်သွန်နီဈေးကွက်

Powered by Drupal

 မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင် ၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဒေသများနှင့် အခြားဒေသများမှ  ထွက်ရှိသည့်  ကြက်သွန်နီ များကို မတ်လကုန်ပိုင်းတွင် ဖြိုင်ဖြိုင်ဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းကြက်သွန်နီသည် ကြက်သွန်မျိုးစေ့ကိုပျိုးထောင်၍ အပင်ကလေးများ တစ်လခွဲသား အရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာရွေ့ ပြောင်း စိုက်ပျိုးကြရသည်။ ကြက်သွန်နီကို မိုးကုန်ရာသီ တန်ဆောင်မုန်းလနှင့် နတ်တော်လတွင် စိုက်ပျိုးခဲ့ကြပြီး တပို့တွဲ၊ တပေါင်းလများတွင် ဖြိုင်ဖြိုင် ထွက်ပေါ်ခဲ့ပါသည်။ ကြက်သွန်မြိတ် ခြောက်မှသာ တူဖော်ရောင်းချကြသောကြောင့် ကြာရှည်စွာ တစ်နှစ်ပတ်လုံးအထားခံပါသည်။ ကျောက်ဆည်၊ မြစ်သားမျိုး(ရွှေဖလား)ကြက်သွန်ဥသည် ဥဝိုင်း မျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ ယခုအခါ ဈေးကွက်အတွင်း၌ ဆောင်းကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက် လာပြီဖြစ်၍ ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျှက်ရှိပါသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင်(၃၅၀၀/၄၀၀၀)ကျပ်၊ အလတ်စ တစ်ပိဿာ လျှင်(၂၅၀၀/၃၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ယခုမတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင်(၂၅၀၀/၃၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာ လျှင်(၂၀၀၀/၂၅၀၀)ကျပ်ဈေးနှုန်းများ ဖြင့် လက်လီရောင်းချလျှက်ရှိပြီး ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောင်လာခြင်းကြောင့် ကြက်သွန်နီ ဈေးနှုန်းကျဆင်း သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)