Main menu

ခရမ်းချဉ်သီး ဈေးနှုန်းများ ပုံမှန်ဈေးနှုန်းအတိုင်းရောင်းဝယ်လျှက်ရှိ

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ယခင်က ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်တို့မှ ဝင်ရောက်လျှက်ရှိပြီး ယခုအခါ မန္တလေးတိုင်းတွင်းဒေသထွက် ဗမာခရမ်းချဉ်သီး (ခေါ်) ကိုင်းသီးများနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အများအပြား ဝင်ရောက်လျှက်ရှိပါသည်။ ဖေဖော်ဝါရီလအတွင်း၌ ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ် ခရမ်းချဉ်သီးများ အပြိုင်ထွက် ပေါ်ခဲ့ပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး များကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဖေဖော်ဝါရီလ အတွင်း၌ သိသိသာသာကျဆင်း ခဲ့ပါသည်။ ဇန်နဝါရီလအတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင်(၃၀၀၀/၄၀၀၀)ကျပ်၊ ထိုင်ဝမ်သီးတစ်ပိဿာလျှင်(၂၅၀၀/၃၅၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာ လျှင်(၃၀၀၀/၄၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ခရမ်း ချဉ်သီးဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပြီး  ဈေးကွက် အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀) ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ ခဲ့ပါသည်။ ယခု မတ်လဆန်းပိုင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ပြီး ခရမ်းချဉ်သီးရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိခဲ့ ပါသည်။ ဈေးကွက်အတွင်း၌ ဒေသထွက်ဗမာခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်းပါးသွားပြီး ထိုင်ဝမ်သီးနှင့် အင်းလေးခရမ်းချဉ်သီးများ ရောင်းဝယ်လျှက်ရှိသည်။ ယခုမတ်လနောက်ဆုံးပတ်မှာ လည်း မတ်လဆန်းပိုင်းတွင် ရောင်းချသောဈေးနှုန်းများအတိုင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိ ကြောင်း  ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)