
မန္တလေးဈေးကွက်အတွင်းသို့ တောင်ငူ၊ ပဲခူးနယ်မှလာသော မရမ်းသီးများနှင့် ဒေသတွင်း ထွက်မရမ်းသီးများ လှိုင်လှိုင်ဝင်ရောက် လျှက်ရှိပါသည်။ ရာသီစာဖြစ်သော မရမ်းသီးများကို ပေါ်ဦး ပေါ်စ ဒီဇင်ဘာလဆန်းပိုင်း မှစ၍ ဈေးကွက် အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ စတင်ထွက်ပေါ်ချိန်၌ မရမ်းသီးတစ်ပိဿာလျှင် (၉၀၀၀၀)ကျပ်၊ တစ်ဆယ် ကျပ်သားလျှင်(၉၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရှားရှား ပါးပါးဝယ်ယူရပါသည်။ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်းဖြင့် ထောင်းစား၍သော်လည်းကောင်း၊ မရမ်းသီးအသုပ်သုပ်၍သော်လည်းကောင်း၊ ဟင်းချက်၍သော်လည်းကောင်း စားသုံးကြသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် မရမ်းသီးများ ဖြိုင်ဖြိုင်ဝင်ရောက်လာပြီးဖြစ်၍ မရမ်းသီး ဈေးနှုန်း များသိသိသာသာကျဆင်းသွားခဲ့ပြီး ဈေးကွက်အတွင်း၌မရမ်းသီးတစ်ပိဿာလျှင်(၄၀၀၀၀/၅၀၀၀၀) ကျပ်၊ တစ်ဆယ်ကျပ်သား လျှင်(၄၀၀၀/၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ရာမှ ယခုမတ်လနောက်ဆုံးပတ် တွင် မရမ်းသီးများ အသီးရင့်သွားပြီဖြစ်၍ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားကြောင်း သိရှိရသည်။ ယခုအပတ်တွင် မရမ်းသီးအနုတစ်ပိဿာလျှင်(၁၀၀၀၀/ ၁၅၀၀၀) ကျပ်၊ မရမ်းသီး တစ်ဆယ်ကျပ်သားလျှင် (၁၀၀၀/၁၅၀၀) ကျပ်၊ မရမ်းသီးအရင့်တစ်ပိဿာလျှင် (၈၀၀၀/၁၀၀၀၀)ကျပ်၊ တစ်ဆယ်ကျပ်သားလျှင်(၈၀၀/၁၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)