
ဒန့်သလွန်ပင်သည် အပူပိုင်းဒေသမျေားတွင် အများဆုံးပေါက်ရောက်ရှင်သန်ဖြစ်ထွန်းပါ သည်။ ယခင်က ဒန့်သလွန်ပင်ကို အိမ်၊ ခြံဝင်း နံဘေးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ဒန့်သလွန်ပင်သည် အသီး၊ အရွက်၊ အစေ့ သုံးမျိုးလုံး အသုံးဝင်ပါသည်။ ယခုအခါ နွေရာသီ ရောက်ရှိလာပြီဖြစ်၍ ဒန့်သလွန်သီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီး ဈေးကွက်အတွင်း ဝင်ရောက် လာပြီဖြစ်ပါသည်။ ဒန့်သလွန်ပင်၏ အရွက်ကိုပြုတ်၍ အတို့မြှတ်လုပ်၍သော်လည်းကောင်း၊ ဟင်းချို ချက်၍သော်လည်းကောင်း စားသောက်ကြသည်။ ဒန့်သလွန်သီးကို အခွံခြစ်၍ ချဉ်ရည်ဟင်း၊ ပဲချဉ် ဟင်းချက်လုပ်၍ စားသောက်ကြပါသည်။ ဒန့်သလွန်သီးကို နှစ်ခြမ်းခြမ်း၍ အတွင်းသားများကို ဇွန်းနှင့်ခြစ်ပြီး ကြက်ဥ၊ ဘဲဥနှင့်ကြော် စားလျှင် အလွန်စားကောင်းသော ဟင်းလျာတစ်မျိုးဖြစ် ပါသည်။ ဒန့်သလွန်ရွက်ကို ဟင်းချိုချက် သောက်ခြင်း၊ ကြော်စားခြင်း၊ မြှတ်စား၍လည်း စားသုံး ကြပါသည်။ ဒန့်သလွန် သီးအစေ့ခြောက်ကို နေလှန်းပြီး သိမ်းထားလျှင် နှစ်ကြာသည်အထိ အာနိသင်မပျက် သိမ်းထားနိုင်ပါသည်။ ယခုအခါ ဒန့်သလွန်သီးများ လှိုင်လှိုင်ထွက်ပေါ် နေပြီဖြစ်၍ ဒန့်သလွန်သီး(၅)တောင့် တစ်စည်းလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။ အညာဒေသထွက် ဒန့်သလွန်သီးများကို အောက်ပြည်နှင့် အထက် ဒေသရှိ မြို့ကြီးများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)