Main menu

အရောင်းသွက်သည့်ကန်စွန်းဥစျေးကွက်

Powered by Drupal

  မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သား မြို့နယ်တို့မှ စိုက်ပျိုးထွက်ရှိသည့်ကန်စွန်းဥများ ၂၀၂၅ ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း ဝင် ရောက်မှုများပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ကန်စွန်းဥအတွင်းသားမှာ အဖြူရောင်၊ခရမ်းရောင်၊ပန်းရောင်၊လိမ္မော်ရောင်နှင့်အဝါနုရောင်တို့အား စျေးကွက်အတွင်း အများ ဆုံးတွေ့ရပါတယ်။ ကန်စွန်းဥအား ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးခြင်း၊ သီးနှံအခြောက်ခံခြင်းနှင့်ပူတင်းဖုတ်စသည်ဖြင့် အမျိုးမျိုးစားသုံးကြောင်း သိရပါတယ်။ ကန်စွန်းဥ သီးနှံမှာ အဟာရဓါတ်ကြွယ်ဝခြင်း၊ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝခြင်း၊သွေးတွင်းသကြား ဓါတ်ထိန်းညှိပေးခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကောင်းမွန်ခြင်း၊ကိုယ်ခံအားကောင်းခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ လေးဖက်နာကြောင့်နာကျင်မှုကိုသက်သာစေခြင်း၊ အစာအိမ်အနာကိုသက်သာစေခြင်းနှင့် ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်းစသည့်အကျိုးကျေးဇူး များလည်းရရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လနောက်ဆုံးပတ်အတွင်း စျေးကွက် အတွင်း ရောင်းချသည့်ကန်စွန်းဥ တစ်ပိဿာစျေးနှုန်းများအနေဖြင့် ခရမ်းရောင် ၆၀၀ဝိ/-နှင့် ၇၀၀ဝိ/-၊ ပန်းရောင်၊လိမ္မော်ရောင်နှင့်အဝါနုရောင် ၅၀၀ဝိ/- နှင့် ၆၀၀ဝိ/-၊အဖြူရောင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)