Main menu

ဗီယက်နမ်နိုင်ငံ Hue မြို့တော်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစက်ရုံ ၂ ရုံတည်‌ဆောက်မှုစတင်

Powered by Drupal

          စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၃ သန်း( ဗီယက်နမ်ဒေါင် ၄.၁၈ ထရီလီယံ) တန်ဖိုးရှိသော အကြီးစားဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ရုံ ၂ ရုံကို မတ်လ ၂၅ ရက်နေ့က  Hue မြို့တော်ရှိ Phong Dien စက်မှုဇုန်တွင် စတင်ဆောက်လုပ်ခဲ့ပါသည်။ Hue မြို့တော်အခြေစိုက် Creanza Advenced Materials JSC က ၁၂.၇ ဟတ်တာကျယ်ဝန်းသည့် သလင်းသဲပြုပြင်ထုတ်လုပ်သည့်စက်ရုံကို ဗီယက်နမ်ဒေါင် ၂.၁၈ ထရီလီယံ အသုံးပြု၍ တည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်ကို ခန့်မှန်း Cristobalite ၇၂၀၀၀ တန်နှင့် နှစ်စဉ်သလင်း ကျောက် စတုရန်းမီတာ ၁.၆ သန်း ထုတ်လုပ်နိုင်ရန် ဒီဇိုင်းဆွဲထားကြောင်း သိရပါသည်။ ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်ရန်စီစဉ်ထားသည့် ထိုစက်ရုံသည် ပြည်တွင်းဈေးကွက်အတွက် သာမက အရည်အသွေးမြင့်သော Cristobalite နှင့် သလင်းကျောက်များကို ဥရောပနှင့် အမေရိကဈေးကွက်များသို့ တင်ပို့ရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် super white flower glass စက်ရုံကို Dat Phuong Glass JSC က ဗီယက်နမ်ဒေါင် ၂ ထရီလီယံ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်သွားမည်ဟု သိရပါသည်။ ထိုစက်ရုံကို တစ်ရက်လျှင်မှန်ထုတ်ကုန် သန်း ၄၀၀ နှင့် တစ်နှစ်လျှင် စတုရန်းမီတာ ၁၉.၂ သန်းထုတ်လုပ်ရန် ဒီဇိုင်းရေးဆွဲထားကြောင်း သိရပါသည်။ ၂၀၂၇ ဒုတိယ ၃ လပတ်ကာလတွင်ပြီးမြောက်ရန် ရည်မှန်းထားသည့် ထိုစက်ရုံသည် ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ နည်းပညာလွှဲပြောင်းမှုမြှင့်တင်ခြင်းနှင့် ဗီယက်နမ်၏ရှားပါးသော သလင်းသဲအရင်းအမြစ်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ပြောင်းလဲရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထိုစက်ရုံများအတွက် ပဏ္ဍပ်ရိုက်ပွဲအခမ်းအနားတွင် ပြည်သူ့ကော်မတီမြူနီစပယ် ဥက္ကဌ Nguyen Van Phuong က ထိုစီမံကိန်းနှစ်ခုသည် မြို့တော်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို သိသာစွာမောင်းနှင်နိုင်ရန်နှင့် အစိုးရညွှန်ကြားချက်ဖြစ်သည့် စီးပွားရေးကြီးထွားမှုနှစ်ဆ တိုးတက်ရေးအတွက် ပံ့ပိုးနိုင်ရန်မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ Phuong က ရင်းနှီးမြှုပ်နှံသူများအား သတ်မှတ်ကာလအတွင်းပြီးမြောက်ရန်နှင့် အရည်အသွေးစံနှုန်းများပြည့် မီရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)