
ဧရာဝတီတိုင်းဒေသကြီး ၊ ကျိုက်လက်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ကွမ်းသီးအစိမ်းအလုံးရေ (၅၈၀၀၀၀)အထိ တင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း ကွမ်းသီးအစိမ်း အလုံးရေ (၈၅၀၀၀၀) အထိ တင်ပို့နိုင်ခဲ့ကြောင်း ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ ၊ ကျိုက်လက်ဒေသထွက်ကွမ်းသီးအစိမ်းအများအပြားကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချနေရပြီး ကွမ်းသီးအစိမ်း အလုံးရေ(၁၀၀) လျှင် ငွေကျပ်(၁၃၀၀၀) အထိ ပေါက်ဈေး ရှိနေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)