
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ (၂၄) ပြည်ဝင် မနောသုခဆန်အိတ်ရေ (၅၀၀၀၀) အိတ် အထိတင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း၌ (၂၄)ပြည်ဝင် မနောသုခဆန်အိတ်ရေ (၆၂၀၀၀) အိတ် အထိ တင်ပို့နိုင်ခဲ့ကြောင်းကို ဆန်စပါးရောင်း ဝယ်ရေးပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ မအူပင်ဒေသမှ ထွက်သော မနောသုခဆန်များသည် အရည်အသွေးကောင်းမွန်သောကြောင့် ရန်ကုန်မှ ဈေးကွက်များမှ ဝယ်ယူခြင်းများရှိနေပြီး မနောသုခဆန် (၂၄)ပြည်ဝင် အိတ်ရေ (၁) အိတ်လျှင် ငွေကျပ်(၉၃၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)