
ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ နယ်၌ နွေစပါးလျာထားဧက (၇၁၆၉၀) ကို ဇန်နဝါရီလ ဒုတိယအပါတ်အတွင်းမှ စတင် စိုက်ပျိုးခဲ့ရာ ယနေ့တွင် နွေစပါးဧက (၇၆၆၆၀) အထိ စိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားဧကထက် ပိုမို စိုက်ပျိုး နိုင်ခဲ့ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနထံမှ သတင်းရရှိပါသည်။ စိုက်ပျိုးခဲ့သည့် နွေစပါးများသည် စပါးအထွက်နှုန်းများ ကောင်းမွန်ခဲ့ပါက ဒေသအတွင်း စားသုံးမှု ဖူလုံစေမည့်အပြင် ပိုလျှံမှုများကို ရောင်းချနိုင်ပါက ဒေသ၏လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။
DOCA(ဧရာဝတီ)