
ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ထိုင်းဘေးကျားစပါးတင်းရေ (၄၅၀၀၀) အထိတင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း၌ ထိုင်းဘေးကျားစပါးတင်းရေ (၆၅၀၀၀) အထိ တင်ပို့နိုင်ခဲ့ကြောင်းကို ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ မော်လမြိုင်ကျွန်းဒေသမှ ထွက်သော ထိုင်းဘေးကျားစပါးများသည် အရည်အသွေးကောင်းမွန်သောကြောင့် ရန်ကုန်မှ ဈေးကွက်များမှ ဝယ်ယူခြင်းများ ရှိနေပြီး ဇီယာဆန် တင်းရေ (၁၀၀) လျှင် ငွေကျပ်(၁၆၅၀၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)