Main menu

ရေကြည်မြို့နယ် မှ ကြက်ဟင်းခါးသီးများအရောင်းအဝယ်သွက်နေ

Powered by Drupal

    ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့နယ်တွင် ဒေသထွက်သီးနှံနှင့် ကုန်စိမ်းများဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် မတ်လအတွင်း၌တစ်ရက်လျှက် ဒေသထွက် ကြက်ဟင်းခါးသီး (၄၅၀၀၀) မှ (၅၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ ရေကြည်ဒေသထွက် ကြက်ဟင်းခါးသီးများသည် အရည်အသွေးကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်းသာမက ရန်ကုန်ဈေးကွက်များအထိ အဝယ်လိုက်နေခြင်းဖြစ်ပြီး ကြက်ဟင်းခါးသီး အလုံးရေ(၁၀၀)လျှင် ငွေကျပ်(၁၉၅၀၀)အထိပေါက် ဈေးရှိနေကြောင်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)