
အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ငွေတိုးစပါးတင်းရေ ၄၃၀၀၀ တင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း ငွေတိုးစပါးတင်းရေ ၆၅၀၀၀ အထိ တင်ပို့နိုင်ခဲ့ကြောင်းကို ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ ငွေတိုးစပါးသည် ဆန်ကြမ်းအုပ်စုတွင်ပါသော စပါးအမျိုးအစားဖြစ်သော်လည်း အိမ်မဲမြို့မှ ထွက်ရှိသော ငွေတိုးစပါးများကို ဝယ်ယူရန် ရန်ကုန်မှ ချိတ်ဆက်မှုများ ရှိနေပြီး ငွေတိုးစပါး တင်းရေ (၁၀၀) လျှင် ငွေကျပ် (၁၇၅၀၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)