
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် နေထိုင်သော တောင်သူများသည် စပါးစိုက်ပျိုးခြင်း များ နှင့် ယှဉ်တွဲ၍ ကန်စွန်းဥအပါအဝင် အခြားရာသီပေါ်သီးနှံများ ကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မတ်လ ဒုတိယအပါတ်မှ စတင်ပြီး ယနေ့အချိန်အထိ ဒေသထွက် ကန်စွန်းဥများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိပါတယ်။ ကန်စွန်းဥ စိုက်ခင်း (၁) ဧက လျှင် စိုက်ပျိုးစရိတ် ငွေကျပ် (၃၅၀၀၀၀) ခန့်ကုန်ကျပြီး အကျိူးအမြတ်အနေဖြင့် ငွေကျပ်(၉၀၀၀၀၀) ခန့်အထိ ပြန်လည်ရရှိနိုင်ပါသည်။ ယခုကာလတွင် ဈေးကွက်အတွင်း၌ ကန်စွန်းဥ တစ်ပိဿာလျှင် ငွေကျပ်(၄၂၀၀) ကျပ် အထိ ရောင်းဈေးရရှိနေပါကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)