
ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ငါးသလောက် ပိသာချိန် ၆၀၀၀၀ တင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း ငါးသလောက် ပိသာချိန် ၇၅၀၀၀ တင်ပို့နိုင်ခဲ့ကြောင်းကို ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ ဘိုကလေးဒေသမှ တင်ပို့တဲ့ ငါးသလောက်များမှာ လတ်ဆက်ဆူဖြိုးပြီး အရွယ်အစားမှာလည်း ကြီးမားသည့်အတွက် အရောင်းအဝယ်သွက်နေခြင်းဖြစ်ပြီး၊ ငါးသလောက် အသေးတစ်ပိဿာလျှင် (၁၈၅၀၀) ကျပ်၊ ငါးသလောက် အလတ်တစ်ပိဿာလျှင် (၂၇၀၀၀ မှ ၃၅၅၀၀) ကျပ်၊ ငါးသလောက် အကြီးတစ်ပိဿာလျှင် (၅၅၀၀၀ မှ ၇၅၀၀၀) ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)