
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကို အဓိကစိုက်ပျိုးသည့်အပြင် ထားဝယ်အခေါ် ဗျစ်သန်ဝက်(ခ)ဖယ်ဖယ်ရွက်များကိုလည်း စိုက်ပျိုးကြသည်။ ဖက်ဖယ်ရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့်အကင်ဆိုင်များမှ အနံအရသာအတွက် မပါမဖြစ် ဝယ်ယူအသုံးပြုကြသည်။
ယခုအခါ ထားဝယ်မြို့ပေါ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဖက်ဖယ်ရွက်များကို စိုက်ပျိုးကြကြောင်း၊ ဖက်ဖယ်ရွက်များကို ကမ်းနားပျံကျဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင်(၃၅၀)ကျပ်၊ ဖက်ဖယ်ရွက်(၃)စည်းလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)