Main menu

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ရုံးပတီသီး ဈေးနှုန်း/ဈေးကွက်

Powered by Drupal

    ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေ အိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ ယခု မတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး(၁၀)တောင့်လျှင်(၂၀၀၀)ကျပ်ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ထားဝယ်မြို့ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)