Main menu

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

Powered by Drupal

    သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (၂၈.၃.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၅၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၃၀၀၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၅၈၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၉၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းမှာ 92 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၄၅ ကျပ်၊ 92 Octance ရိုးရိုးဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၉၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၆၀၀ ကျပ်၊ ဒီဇယ်အဆင့်မြင့်ဈေးနှုန်းတစ်လီတာမှာ ၃၂၁၅ ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။  ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဈေး 92 Octance ဓါတ်ဆီ (အဆင့်မြင့်)နှင့်  92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းမှာတက်နေပါ ကြောင်း၊ ဒီဇယ်(ရိုးရိုး) နှင့် ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းမှာ ကျဆင်းလျက်ရှိပါသည်။

DOCA(ရန်ကုန်)