Main menu

ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

     ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၂၄.၃.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၁၇၄ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၇၀၀၀ မှ ၆၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၀၁၀ နှင့် ဈေးနှုန်းမှာ ၆၆၀၀၀ မှ ၆၇၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၄၀ နှင့် ဈေးနှုန်းမှာ ၆၅၀၀၀ မှ ၆၆၀၀၀ ကျပ်၊ ၂၅မတ်ဆန်အိတ် ၉၆၀ နှင့် ဈေးနှုန်းများမှာ ၆၃၀၀၀ မှ ၆၄၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၈၈၀ နှင့် ဈေးနှုန်းများမှာ ၄၈၅၀၀ မှ ၅၂၀၀၀ ကျပ်တိုဖြစ်ကြောင်းသိရှိရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၂၅၆ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၁၇၈၀ ၊လတ်စအိတ်ရေ ၁၅၂၀၊ ဆန်ကွဲအိတ်ရေ ၃၉၅၂၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၃၂၀ အိတ်၊ ဆန်ကြမ်းထိပ်စ ၁၆၅၀ အိတ်၊ လတ်စ ၁၄၈၉ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၈၂၀နှင့် ဆန်ကွဲအိတ်ရေ ၃၇၉၃ တို့ ဝင်ရောက်လာပါသည်။

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုများတွင် ယခင်နေ့နှင့် နှိုင်းယှဉ်လျှင် ဆန်အိတ်အရေအတွက် ပိုမိုဝင်ရောက်လျက်ရှိသော်လည်း ဆန်ဈေးနှုန်းမှာ တည်ငြိမ်ပြီး ဆန်သစ်များဝင်ရောက်လာသဖြင့် ဆန်ဈေးမှာအနည်းငယ်အေးကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)