
ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၂၅.၃.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၀၄၂ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၇၀၀၀ မှ ၆၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၅၆ နှင့် ဈေးနှုန်းမှာ ၆၆၀၀၀ မှ ၆၇၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၂၀ နှင့် ဈေးနှုန်းမှာ ၆၅၀၀၀ မှ ၆၆၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၅၂ နှင့် ဈေးနှုန်းများမှာ ၆၃၀၀၀ မှ ၆၄၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၆၅၂နှင့် ဈေးနှုန်းများမှာ ၄၈၅၀၀ မှ ၅၂၀၀၀ ကျပ်တိုဖြစ်ကြောင်းသိရှိရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၁၅၀ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၁၆၂၀ ၊လတ်စအိတ်ရေ ၁၃၆၇ ဆန်ကွဲအိတ်ရေ ၃၅၄၁၊ ဧရာဝတီတိုင်းမှ ရှယ်စ ၁၉၆၂ အိတ်၊ ဆန်ကြမ်းထိပ်စ ၁၇၈၄ အိတ်၊ လတ်စ ၁၃၂၀ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၇၈၀ နှင့် ဆန်ကွဲအိတ်ရေ ၃၅၄၁ တို့ဝင်ရောက်လာပါသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုများတွင် ယခင်နေ့နှင့် နှိုင်းယှဉ်လျှင် ဆန်အိတ်အရေအတွက်ဝင်ရောက်မှုနည်းသော်လည်း ဆန်ဈေးနှုန်းမှာ တည်ငြိမ်ပြီး ဆန်သစ်များဝင်ရောက်လာသဖြင့် ဆန်ဈေးမှာအနည်းငယ်အေးကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)