
တန်ဇန်းနီးယားနိုင်ငံ၏ မြို့တော် Dodoma တွင် သယ်ယူပို့ဆောင်ရေးကို မြှင့်တင် ပေးနိုင်ရန် အတွက် ကမ္ဘာ့ဘဏ်မှ ရင်းနှီးမြှုပ်နှံမှုအသစ်တစ်ခုကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။အဆိုပါ ရန်ပုံငွေသည် ၂၀၃၀ ခုနှစ်တွင် အလုပ်အကိုင်သစ် ၁၀၀၀၀ ကျော် ဖန်တီးပေးနိုင်ပြီး မြို့တော်၏ စီးပွား ရေး ထုတ်လုပ်မှုကို ၂ ရာခိုင်နှုန်း မြှင့်တင်ပေးမည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အမှုဆောင်ဒါရိုက်တာ များဘုတ်အဖွဲ့မှ အတည်ပြုထားသော ဒေါ်လာသန်း ၂၀၀ တန် Dodoma ပေါင်းစပ်ပြီး ရေရှည် တည်တံ့သော သယ်ယူပို့ဆောင်ရေးစီမံကိန်းသည် မြို့လူဦးရေ၏ ထက်ဝက်ကျော်နေထိုင်သူ ၄၃၀,၀၀၀ ကျော်ကို အကျိုးပြုမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ငွေကြေးထောက်ပံ့သည့် ရင်းနှီးမြှုပ်နှံမှုသည် ရွေးချယ်ထားသော စင်္ကြံများကိုအဆင့်မြှင့် တင်ခြင်း၊ ခံနိုင်ရည်ရှိသော ဝင်ရောက်နိုင်သည့် လမ်းကြောင်းများ ဖန်တီးပေးခြင်း၊ စီးပွားရေးအချက် အချာကျသော ဧရိယာကို ပိုမိုကောင်းမွန်စေခြင်း၊ လမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းဆိုင်ရာ အခြေ ခံအဆောက်အအုံများ မြှင့်တင်ခြင်းဖြင့် မြို့ပြသွားလာလှုပ်ရှားမှုကို တိုးတက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့ကြီးထွားလာသည်နှင့်အမျှ၊ လုံခြုံပြီး ထိရောက်သော သယ်ယူပို့ဆောင်ရေးရရှိရေးသည် ၎င်း၏စီးပွားရေးအရှိန်အဟုန်ကို တည်တံ့ခိုင်မြဲစေရန်နှင့် ၎င်း၏နေ ထိုင်သူများအတွက် လူနေမှုဘဝမြှင့်တင်ရန် အရေးကြီးကြောင်း ဤပရောဂျက်သည် Dodoma ၏ ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုကို ကူညီပေးမည်ဖြစ်ပြီး၊ အခြေခံအဆောက် အအုံများသည် မြို့တော်၏ရည်မှန်းချက်များနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် သေချာစေ ကြောင်း တန်ဇန်းနီး ယား၊ မာလာဝီ၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေအတွက် ကမ္ဘာ့ဘဏ်ဌာနခွဲ ဒါရိုက် တာ Nathan Belete က ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)