
တရုတ်ကားအမှတ်တံဆိပ် Jiangling Motors Corporation (JMC) သည် ကင်ညာစျေးကွက်သို့ ဝင်ရောက်လာခဲ့ပြီး မော်တော်ကားရောင်းဝယ်သူ Caetano Kenya မှ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။ Caetano Kenya ၏ မန်းနေဂျင်းဒါရိုက်တာ Aurelien Gley က Single cabs၊ double cabs နှင့် light commercial truck များပါဝင်သော Vigus အမျိုးအစားကို ပြည်တွင်း၌ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုကားများအား စျေးကွက်တွင် ယုံကြည်စိတ်ချရမှု၊ တာရှည်ခံမှု၊ ၎င်းတို့၏ရေရှည်လည်ပတ်မှုအတွက် ကုန်ကျစရိတ်သက်သာမှုတို့ ရရှိစေရန်အတွက် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ကင်ညာနိုင်ငံ၏ မြို့တော်နိုင်ရိုဘီတွင် မတ်လ ၂၇ ရက်နေ့ကမိတ်ဆက်ပွဲ၌ Gley ကပြောကြားခဲ့သည်။ တရုတ်မှတင်သွင်းလာသော အစိတ်အပိုင်းများအားလုံးအား ပြည်တွင်း၌ တပ်ဆင်သွားမည်ဖြစ်ပြီး ကုမ္ပဏီသည် ကင်ညာဖောက်သည်များအတွက် စျေးနှုန်းတတ်နိုင်မှုနှင့် ကင်ညာမော်တော်ယာဉ် ကဏ္ဍဖွံဖြိုးတိုးတက်ရေးနှစ်ခုစလုံးကို ကတိပြုထားကြောင်း ၎င်းကပြောကြားခဲ့သည်။ Caetano Kenya ၏ စီးပွားရေးနှင့် စျေးကွက်ရှာဖွေရေးဒါရိုက်တာ Sylvia Agani က သူမသည် ပြည်တွင်းစက်မှုလုပ်ငန်းတိုးတက်မှုနှင့် နိုင်ငံ၏သက်သေပြထားသော တရုတ်ထုတ်ကုန် များ၏ အရည်အသွေးကြောင့် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ယူနစ် ၁၀၀ ရောင်းချရန်မျှော်မှန်းထားသော JMC အမှတ်တံဆိပ် အားများစွာမျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ single cab truck တစ်စီးသည် ကင်ညာရှီလင် ၄.၅ သန်း (အမေရိကန်ဒေါ်လာ ၃၄၈၀၀ နီးပါး) ဖြင့် လက်လီရောင်းချမည် ဖြစ်ပြီး double cab တစ်စီးသည် အမေရိကန်ဒေါ်လာ ၃၈၅၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)