Main menu

ဥရောပသို့ Nord Stream ဓာတ်ငွေ့ ပေးပို့မှုများကို ပြန်လည်စတင်ရန် ရရှားနှင့် အမေရိကန် ဆွေးနွေး

Powered by Drupal

    မော်စကိုနှင့် ဝါရှင်တန်တို့သည် Nord Stream ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ ဓာတ်ငွေ့ပေးပို့မှုများ ပြန်လည်စတင်နိုင်ခြေကို လက်ရှိတွင် ဆွေးနွေးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Lavrov က " ဥရောပနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများအတွက် လောင်စာဆီကုန်ကျစရိတ်သည် အမေရိကန်စီးပွားရေးလုပ်ငန်းများထက် အဆများစွာ မြင့်မားသည်" ဟု ဆိုခဲ့ပါသည်။

    ဥ‌ရောပသည် ရာသီဥတုအေးမှုကြောင့် ယခုဆောင်းရာသီတွင် ဓာတ်ငွေ့ ၁၀ ဘီလီယံကုဗမီတာ (bcm) သုံးစွဲခဲ့သောကြောင့် EU သိုလှောင်ကန်များမှ ဓာတ်ငွေ့ပမာဏသည်လည်း သုံးနှစ်အတွင်း ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသဖြင့် ဓာတ်ငွေ့အကျပ်အတည်းအသစ်နှင့် ရင်ဆိုင်နေရပါသည်။

  ထို့အပြင် ယူကရိန်းသည် ဇန်နဝါရီလ ၁ရက်နေ့တွင် ရရှားမှ ဥရောပ သို့ ဓာတ်ငွေ့တင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် အပြင် စျေးကွက်များထဲမှ တခြား ဓာတ်ငွေ့ ၁၀ ဘီလီယံကုဗမီတာခန့် ဖယ်ရှားခဲ့သည်ဟု သိရပါသည်။ အဆိုပါ ဓာတ်ငွေ့များသည် တစ်နေရာမှ ရရှိသော ရင်းမြစ်များဖြစ်ပြီး မပျက်စီးပဲ ကျန်ရှိနေသော Nord Stream ပိုက်လိုင်းများကို မတ်လ ၂၇ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ပြီး ဂျာမနီနိုင်ငံသို့  ဓာတ်ငွေ့ ၂၅ ဘီလီယံ ကုဗမီတာ ခန့် ပို့ဆောင်ပေးမည်ကို သိရပါသည်။

          EU သည် နွေရာသီတွင် ဓာတ်ငွေ့စျေးနှုန်းမြင့်တက်ခြင်းကို ကာကွယ်ရန်အတွက် ဓာတ်ငွေ့သိုလှောင်ကန်များသို့ ၉၀ ရာခိုင်နှုန်းပြည့်ရန် နိုဝင်ဘာ ၁ ရက်နေ့ထိ နောက်ဆုံးထား၍ လိုအပ်သည့် စည်းမျဉ်းများကို ဖြေလျှော့ရန် မကြာသေးမီက အကြံပြုခဲ့ပါသည်။ သို့ရာတွင် ဥရောပနိုင်ငံအများစုသည် ရရှားနိုင်ငံမှ ဓာတ်ငွေ့များ ဝယ်ယူသုံးစွဲရန် အပြတ်အသတ် ဆန့်ကျင်နေကြပါတယ်။

          ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းကို ဥရောပမှ တားမြစ်ပိတ်ပင်ထားသော်လည်း ယခင်နှစ်တင်ပို့မှုသည် တောင်ပိုင်း TurkStream ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ ခန့်မှန်းခြေ ၃၅ ဘီလီယံကုဗမီတာ ရောက်ရှိလာမှုနှင့် အတူ ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နောက်ထပ် ဓာတ်ငွေ့ ၄၈ ဘီလီယံကုဗမီတာ LNG အဖြစ်ရောက်ရှိလာတယ်လို့ သိရပါသည်။ ခြုံငုံလိုက်သော် ရရှားနိုင်ငံသည် EU ဓာတ်ငွေ့ တင်ပို့မှု၏ ၁၅ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးကြောင်း သိရပါသည်။ ဆွေးနွေးပွဲအဆုံးသတ်တွင် ရရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က “အမေရိကန်တွေက ဥရောပအပေါ် သူတို့၏သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး ရုရှားဓာတ်ငွေ့ကို မငြင်းပယ်ရန် အတင်းအကြပ်လုပ်မည်ဆိုပါက စိတ်ဝင်စားစရာကောင်းကြောင်း ပြောကြားခဲ့ပါသည်။

The Moscow Times

DOCA(ရန်ကုန်)