
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု ဧပြီလပထမပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၂၆၉၅)ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် ( ၃၃၀၅ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် ( ၃၁၁၅ )ကျပ် ၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ( ၃၁၆၅ ) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခင် မတ်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီ တာလျှင် (၂၆၉၅ )ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် ( ၃၃၀၅ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (၃၁၁၅)ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၁၆၅)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင်လည်း ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ယခင်အပတ်၌ ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများအတိုင်း ဆက်လက်ဖြစ်ပေါ်ရောင်းချလျက်ရှိပါကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
DOCA(မန္တလေး)