
၂၀၂၅ ခုနှစ်မတ်လ နောက်ဆုံးပတ်အတွင်း မန္တလေးစျေးချိုတော်တွင် ငါးခြောက်များ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိနှင့်ပုဇွန်ခြောက်များအား ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။ ၂၀၂၅ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း အမျိုးအစားအလိုက် တစ်ပိဿာ ပေါက်စျေးတို့မှာ ငါးနီတူးခြောက် ၂၀၀၀ဝိ/- နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ငါးပုတ်သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/-၊ ငါးရောင်ခြောက် ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ ငါးရံ့ခြောက်(ပြား)၈၅၀၀ဝိ/- နှင့် ၉၅၀၀ဝိ/-၊ စျေးတို့ အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ စျေးချိုတော်ရှိ ငါးခြောက်ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ နွေဦးရာသီရောက်ပြီဖြစ်၍ ငါးခြောက်စားသုံးမှုများပြာခြင်း၊ ဘုရားပွဲများ၊ အလှူပွဲတော်များ၊ရိုးရာပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မန္တလေးစျေးချိုတော်ရှိ ငါးခြောက်အမျိုးမျိုးမှာ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)