Main menu

အိန္ဒိယ၊နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုအတွက် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရန်သဘောတူ

Powered by Drupal

    အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် နယူးဇီလန်ဝန်ကြီးချုပ် ခရစ်စ်တိုဖာလူဇွန်တို့သည် ပြီးခဲ့သည့် တနင်္လာနေ့က နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွတ်သဘော ဆွေးနွေး ခဲ့ကြပြီး တစ်ရက်အကြာတွင် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း ကြေညာခဲ့သည်။

    မိုဒီနှင့်လူဇွန်တို့သည် နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုမြှင့်တင်ရန်၊ ဓာတ်သတ္တုများ၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ အစားအသောက်ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် စီးပွားရေးတိုးတက်မှုဆက်လက်တည်တံ့နိုင်စေရန် စသည်တို့ကို ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့တွင် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်ကို  လက်မှတ် ရေးထိုးခဲ့ကြသည်။

   အိန္ဒိယနှင့်နယူးဇီလန်ကြား စီးပွားရေးအခွင့်လမ်းများ ပိုမိုတိုးတက်စေရန် အတွက် အိန္ဒီယအဆင့်မြင့်အရာရှိများနှင့်ဝန်ကြီးချုပ် မိုဒီ တို့နှင့်အတူဆောင်ရွက်ခဲ့သည့်အဆိုပါ အစည်း အဝေးကို  ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုး တိုးတက်စေမည့် အစည်းအဝေးဟု လူဇွန်က မှတ်ချက်ပြု ပြောကြားခဲ့သည်။ အဆိုပါ နှစ်နိုင်ငံအစည်းအဝေးတွင် စစ်ရေးတွဲဖက်လေ့ကျင့်မည့် အစီအစဉ်များပါပါဝင်သည်ဟု ၄◌င်းကဆိုသည်။

          ရာသီဥတုကဏ္ဍ၊ အားကစားကဏ္ဍ၊ နိုင်ငံခြားခရီးသွားကဏ္ဍများ၊ ပညာရေးကဏ္ဍ စသည်တို့တွင် အိန္ဒိယနှင့် နယူးဇီလန်ကြား လုံခြုံရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေး အခန်းကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဇင်ကအဆိုပါ နှစ်နိုင်ငံ အစည်းအဝေးတွင် ဆက်လက်ပြောကြားခဲ့သည်။

    ဆက်လက်ပြီး နယူးဇီလန်ဝန်ကြီးချုပ်၏ ငါးရက်တာအိန္ဒိယခရီးစဉ်တွင် အိန္ဒိယ၏ စီးပွားရေးဆိုင်ရာအဆင့်မြင့်အရာရှိများ၊စီးပွားရေးလု်ပငန်းရှင်များအပြင် ပါလီမန်ဘက်မှ တာဝန် ရှိသူများနှင့်လည်းတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    အိန္ဒိယနှင့် နယူးဇီလန်ကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၀နှစ်ကြာမှ နှစ်နိုင်ငံကြားယခုကဲ့သို့သဘောတူမှုရရှိခဲ့ခြင်းဖြစ်ကြေင်း တနင်္ဂနွေနေ့က ထုတ်ပြန် ခဲ့သည်။

   အိန္ဒိယစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားရာတွင် အိန္ဒိယနှင့် နယူးဇီလန်နိုင်ငံတို့ကြား လွတ်လပ်သည့်ကုန်သွယ်ရေးသဘောတူစာချုပ်ကကို ဈေးကွက်ရရှိမှု တိုးတက်လာစေရန်နှင့် ကုန်သွယ်ရေးကွင်းဆင်းတလျှောက် နိုင်ငံခြားငွေပိုမိုရရှိစေရန် ရည်ရွယ်၍ နှစ်နိုင်ငံချုပ်ဆိုကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

     လူဇင်ကလည်း နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် အလုပ်ကိုင် အခွင့်လမ်းများပိုမိုရရှိနိုင်ရန်ရည်ရွယ်သလို နှစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံခြာဝင်ငွေပိုမိုရရှိနိုင်ရန် ရည်ရွယ်ကြောင်းပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

Sources-AP News

DOCA(မန္တလေး)