Main menu

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

Powered by Drupal

   မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိ  ကြောင်း ဈေးနှုန်းအနေဖြင့် ဧပြီလပထမပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၆၀၀၀ကျပ်၊ ပဲစဉ်းငုံဖြူ (၁)တင်းလျှင် ၈၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်းများ တည်ငြိမ်နေကြောင်း ၊ ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)