Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ချဉ်ပေါင်ရွက်ဈေးနှုန်း အခြေအနေ

Powered by Drupal

     ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြရာတွင် ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)