Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးချောင်း ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

   ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက် ရှိပါသည်။

   ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ငါးများကို   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ တံငါလုပ်ကိုင်ကြသူများနှင့် ငါးအရောင်းအဝယ် လုပ်ကိုင် ကြသူများသည် ငါးဒိုင်များသို့ သွင်းရာတွင် ဒေသတွင်း ထွက်ရှိသည့် ငါးချောင်းသည်လည်း ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)