
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကန့်ဘလူမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀) (၅၀)ကျပ်သားလျှင်(၈၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀)ဈေးနှုန်း အသီးသီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ငရုတ်၊ ကြက်သွန်ဖြူ /နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)