
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချရသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချိုသာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရ သည်။
သံပုရာသီးသည် လူသားများ၏ နေ့စဉ်အသုံးပြုမှုတွင် မဖြစ်မနေ အရေးပါသော အသီးတစ်မျိုးလည်းဖြစ်သလို အားကစားသမားများအတွက်လည်း မဖြစ်မနေအသုံးပြုရခြင်း ဖြစ်ပါသည်။ သံပုရာသီးကို နေ့စဉ် ချက်ပြုစားသုံးရာတွင် မဖြစ်မနေအသုံးပြုယုံသာမက မုန့်ဟင်းခါးဆိုင်၊ အာပူလျှာပူဆိုင်များ ကြာဆံဟင်းခါးဆိုင်များတွင် မဖြစ်အနေအသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သံပုရာသီးရောင်းချသူထံမှ သိရသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ဖြစ်ပေါ်နေသော သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး(၁)လုံးလျှင်(၁၀၀/၂၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ် နေသော သံပုရာသီး(အကြီး)တစ်လုံးလျှင်(၂၅၀)ကျပ်၊ သံပုရာသီး(အသေး) တစ်လုံးလျှင် (၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သံပုရာသီး ဈေးနှုန်း အနည်းငယ် မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)