Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဗမာသခွားသီး ဈေးနှုန်း

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ရှိ ပြည်သူတစ်ချို့သည့် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် သခွား သီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက်စသည်တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေ‌သော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာသခွားသီး အကြီး(၁)လုံးလျှင်(၆၀၀)ကျပ် နှင့် ရိုးရိုးဗမာသခွားသီး အသေး (၁)လုံးလျှင်(၃၀၀/၅၀၀)ကျပ်ဈေးနှုန်းအစားစားဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)