Main menu

ကြက်သွန်နီပို့ကုန်အပေါ် အခွန်စည်းကြပ်မှု ဧပြီ ၁ ရက်မှစတင်၍ အိန္ဒိယအစိုးရ ရုတ်သိမ်း

Powered by Drupal

     အိန္ဒိယနိုင်ငံ၌ တောင်သူလယ်သမားများ၏ အကျိုးကိုရှေ့ရှုလျက် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအပေါ် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခြင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှစတင်၍ ပြန်လည်ဖယ်ရှားပေးမည်ဟု အိန္ဒိယအခွန်ဦးစီးဌာနက မတ် ၂၂ ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှ ကြက်သွန်နီ ပမာဏများစွာ ဈေးကွက်ဝင်ရောက်လာ မည့် ခန့်မှန်းချက်များအရ ကုန်အဝယ်ဒိုင်များနှင့် လက်လီဈေးကွက်များတွင် ဈေးနှုန်းများ ကျဆင်း နိုင်ခြေရှိနေချိန်တွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းသည် တောင်သူများအနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများရရှိနိုင်ရေး သေချာခိုင်မာစေရန်နှင့် စားသုံးသူများ၏ ဈေးနှုန်းသက်သာစွာ ဝယ်ယူ နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အစိုးရ၏ ရည်ရွယ်လုပ်ဆောင်ချက်ကို ဖော်ပြလျက်ရှိ ကြောင်း အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက ပြောဆိုထားသည်။

    ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ စတင်၍ ကြက်သွန်နီတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းကို အိန္ဒိယအစိုးရက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကန့်သတ်မှုများရှိနေသော် လည်း ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း မတ်လ ၁၈ ရက်နေ့အထိ ကြက်သွန်နီတန်ချိန် ၁၁.၆၅ သိန်းခန့် တင်ပို့ထားပြီးဖြစ်သည်။

    လစဉ် ကြက်သွန်နီတင်ပို့မှုပမာဏသည် မြင့်တက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ တန်ချိန် ၀.၇၂ သိန်းသာရှိရာမှ ယခုနှစ် ဇန်နဝါရီလတွင် တင်ပို့မှုသည် တန်ချိန် ၁.၈၅ သိန်းအထိ ရှိ လာကြောင်း၊ လက်ရှိကာလ၌ ဆောင်းကြက်သွန်နီများ ဈေးကွက်ဝင်ရောက်မှု များပြားလာခြင်း ကြောင့် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များတွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျက် ရှိကြောင်း သိရှိရသည်။

Source: Economic Times, 22 Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)