Main menu

ပြည်ပသို့ ဆန်တင်ပို့ရန် အင်ဒိုနီးရှားသမ္မတ ခွင့်ပြု

Powered by Drupal

    စားနပ်ရိက္ခာလိုအပ်ချက်အရ နိုင်ငံတကာမှ အကူအညီတောင်းခံလာပါက ပြည်တွင်း၌ ဆန်ပိုလျှံမှု အပေါ်မူတည်၍ လူသားချင်းစာနာထောက်ထားမှုအဖြစ် အကျိုးအမြတ်များစွာ ရယူ ခြင်းမရှိပဲ အခြေခံထုတ်လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်မှုစရိတ်နှင့် ကိုင်တွယ်ထိန်းသိမ်းမှုစရိတ်များ ကာမိသည့်နှုန်းထားဖြင့် ဆန်တင်ပို့ခြင်းကို ခွင့်ပြုမည်ဟု အင်ဒိုနီးရှားသမ္မတ Prabowo Subianto က ဆူမားတြားတောင်ပိုင်းဒေသသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဧပြီ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

        မလေးရှားနိုင်ငံ၏ ဆန်ရောင်းချပေးရန် တောင်းဆိုမှုအပေါ် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုကိုသာ အလေးပေးဆောင်ရွက်မည်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ငြင်းပယ်ခဲ့အပြီးတွင် အင်ဒိုနီးရှားသမ္မတက ယခုကဲ့သို့ ဆန်တင်ပို့ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

       အချို့သောနိုင်ငံများသည် အင်ဒိုနီးရှားထံမှ ဆန်များကို ဝယ်ယူလိုသည်ဟု စိုက်ပျိုးရေး ဝန်ကြီးနှင့် စားနပ်ရိက္ခာရေးရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့က ၎င်းထံ သတင်းပို့တင်ပြလာ ကြောင်း၊ သို့ဖြစ်ရာ ဆန်တင်ပို့ရန်အတွက် အတည်ပြုခွင့်ပြုမိန့် ချမှတ်ပေးခဲ့ကြောင်း၊ အင်ဒိုနီးရှား ၏  ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုမှာ လွန်ခဲ့သော ၄ လတာအတွင်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် အစိုးရ၏ သိုလှောင်ရုံများမှာ အပြည့်အဝ သိုလှောင်ထားရှိနှင့်ပြီးဖြစ်၍ ပိုလျှံသော ဆန်များသည် သိုလှောင်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုအသစ်တစ်ရပ် ဖြစ်ပေါ်လာခဲ့ကြောင်းဖြင့်  သမ္မတ Mr. Prabowo က ပြောဆိုခဲ့သည်။

Source: Asia News Network, 25 Apr 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)