Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီး စင်ထိုးစိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး နို့ဆီတစ်ဘူးလျှင်(၃၀၀)ကျပ်နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)