Main menu

ထားဝယ်မြို့ရှိစျေးကွက်အတွင်း ဒီဇယ်ဆီစျေးနှုန်းကျဆင်း

Powered by Drupal

     ထားဝယ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှာ (၁၂)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီစျေးနှုန်းများမှာ ယခုဧပြီလ ပထမပတ်အတွင်း ဒီဇယ်ရိုးရီုး တစ်လီတာ (၂၇၁၅) ကျပ်၊ ဒီဇယ်ပရီမီယမ် တစ်လီတာ(၃၃၂၅)ကျပ်၊ ယခင်မတ်လ စတုတ္ထပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာ(၂၇၆၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာ (၃၄၁၀) ကျပ် ၊ ယခင်အပတ်နှင့် ယခုအပတ်အတွင်း ဖြစ်ပေါ်နေသော  စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး (၄၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၈၅) ကျပ်၊ စျေးနှုန်းများကျဆင်းလာကြောင်း၊ စျေးနှုန်းကျဆင်း လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)