Main menu

ထားဝယ်မြို့ရှိ ခရမ်းချဥ်သီးစျေးကွက်

Powered by Drupal

   ခရမ်းချဥ်သီးကို အပူပိုင်းနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်အများဆုံးစိုက်ပျိုး ကြပါသည်။ ထားဝယ်စျေးကွက်တွင် ခရမ်းချဥ်သီးစျေးနှုန်းများမှာ စျေးကောင်းရရှိကာ အရောင်းသွက် လျက်ရှိပါသည်။ ရှမ်းသီးနှင့်ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ယခုအချိန်တွင် ရှမ်းသီးများသာ စျေးကွက် အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထားဝယ်ခရိုင်အတွင်း မြို့နယ်များသို့ ရန်ကုန်မှကား များဖြင့် လာရောက်‌ရောင်းချကြပါသည်။ ထားဝယ်စျေးကြီးထဲတွင် ခရမ်းချဥ်သီး တစ်ပိဿာလျှင် (၄၅၀၀-၅၀၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)