Main menu

ပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှု အခြေအနေများ

Powered by Drupal

            လွိုင်ကော်မြို့အတွင်း ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်အသက်ဝင်လာပြီး အိမ်ဆောက်ပစ္စည်း ဘိလပ်မြေများ ပြည်နယ်အတွင်းသို့ တင်သွင်းလျက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းအရသိရှိရပါတယ်။ ဇွန်လ (၂၀) ရက်နေ့ ကုန်စည်စီးဝင်မှုမှာ ဘိလပ်မြေကား (၂) စီး၊ ကုန်စုံကား (၇) စီး၊ ဆား (၃၉၃) အိတ်၊ ကြက်ဥကား (၂) စီး၊ ဘီယာကား (၁) စီး၊ မြေဆီကား (၁) စီး၊ မြေဩဇာကား (၁) စီးတို့ စီးဝင်လျက်ရှိပါကြောင်း၊ ဇွန်လ (၁၃) ရက်နေ့ ကုန်ပစ္စည်းအဝင်ကားများအနေဖြင့် ကုန်စုံကား (၈) စီး၊ ကြက်ဥ (၁၅၀) ကဒ်၊ အချိုရည်ကား (၂) စီး၊ မြေဆီကား (၃) စီး၊ ဘီယာကား (၁) စီး၊ ဘိလပ်မြေကား (၅) စီး၊ ဆီဘောက်ဆာကား (၄) စီးတို့ဖြင့် စီးဝင်လျက်ရှိရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်မည်ဆိုလျှင် ယခင်ထက်ဘိလပ်မြေဝင်ရောက်မှုမှာ (၃) စီးလျော့နည်းလားပြီး၊ ကုန်စုံကား၊ ကြက်ဥတို့သည် အနည်းငယ်မျှ ပို၍စီးဝင်လာကြောင်း သိရှိရပါတယ်။

DOCA(ကယား)