Main menu

ပခုက္ကူဈေးကွက်တွင် ပြည်ပပို့ကုန် ပဲစဉ်းငုံသီးနှံအရောင်းအဝယ်ဖြစ်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဧပြီလ(ပထမ)ပတ် အစောပိုင်းတွင် ပဲစဉ်းငုံသီးနှံများ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးကွက်သို့ ပဲစဉ်းငုံသီးနှံများ လှိုင်လှိုင်ဝင်ရောက်ခြင်းအပြင် ပြည်ပဈေးကွက်ဝယ်လိုအား နည်း၍ သီးနှံဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး မတ်လ(စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ(၃၀)ဝင်အိတ်(၅၀၀-၇၀၀) ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

      ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၉၃၀၀၀-၉၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မတ်လတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၉၄၅၀၀-၉၃၀၀၀)၊ ယခုဧပြီလ(ပထမပတ်) အစောပိုင်း တွင် တစ်တင်းလျှင် ကျပ်(၉၂၅၀၀-၉၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်း လျှင် ကျပ်(၁၀၀၀)ခန့် ဈေးအတက်အကျဖြစ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင် သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)