Main menu

အောင်ပန်းဈေးကွက်တွင်အရောင်းအဝယ်ဖြစ်လျက်ရှိသည့် အာလူးဈေး

Powered by Drupal

     မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တစ်ချို့မြို့ရွာများပျက်စီခြင်း၊ လမ်းပန်းသွယ်ရေးအခက်အခဲများရှိသော် လည်း အောင်ပန်းဈေးကွက်ရှိ အာလူးသိးနှံများ ရောင်းဝယ်မှုနည်းပါသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ရှမ်းတောင်ဒေသထွက်အာလူးသီးနှံများကို ရန်ကုန်၊ မုံရွာ၊ပဲခူး၊ မော်လမြိုင်နှင့် ဘာအံမြို့တို့မှ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။ ဧပြီလ ပထမပတ် အားလူးဈေးနှုန်းများအနေဖြင့်   S1-၅၅၀၀ကျပ်၊ S1-OK-၄၅၀၀ကျပ်၊ Ok-၄၀၀၀ကျပ်၊ A1-၃၅၀၀ကျပ်နှင့် ဆွဲသီး-၃၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)