
ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငရုတ်သီးများ ဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငရုတ်သီးဈေးနှုန်းများမှာ ၂.၄.၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီးတစ်ပိဿာဈေးနှုန်း ပန်းရဲ / မြှားနီ (အသစ်) အမြင့်ဆုံးဈေး ကျပ် ၈၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၅၀၀၊ ပန်းရဲ/မြှားနီ/(AC) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ အနိမ့်ဆုံးဈေး ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေးကျပ် ၁၄၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀၊ မြစ်ဝ(ပု/သစ်) အမြင့်ဆုံးဈေး ကျပ် ၁၂၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၂၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။
တစ်ပတ်အတွင်း ငရုတ်သီးဈေးနှုန်းများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)