
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်ကြမ်း၊ ဆန်ချောများ ရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ ဧပြီလ (၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာဈေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေး အတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ကြမ်း၊ ဆန်ချော အမျိုးအစားများဖြစ်သည့် ဧည့်မထတစ်ပြည်လျှင် (၃၇၀၀-၃၉၀၀)ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၀၀၀-၃၂၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း တစ်ပြည်လျှင် (၅၀၀၀-၅၂၀၀)ကျပ်၊ တောင်ပျံ တစ်ပြည်လျှင် (၅၅၀၀-၅၈၀၀)ကျပ်ဖြင့် ရောင်းချနေကြ ကြောင်း သိရှိရပြီး ၎င်းဆန်များသည် ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ပွဲရုံများမှ ဝယ်ယူ၍ ရောင်းချ နေကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများဖြင့်သာ ရောင်းချနေ ကြောင်း ဆန်ဆိုင်ပိုင်ရှင်များက ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးမှဝန်ထမ်းများသည် ဆန်ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ဆန်များကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပါသည်။ ယခုနှစ် စိုက်ပျိုးရာသီတွင် အထွက်နှုန်း ကောင်းမွန်သောကြောင့် ဆန်၊ စပါးဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)