
ပြည်ပဲဈေးကွက်အတွင်းပဲမျိုးစုံ လက်လီ လက်ကားရောင်းဝယ်မှုဖြစ်လျှက်ရှိရာ စားတော်ပဲ သီးနှံအနေဖြင့် လက်ကားသမားထက် လက်လီဝယ်ယူမှုပိုများသော ပဲသီးနှံဖြစ်ပါသည်။ယခု ကာလတွင် ပဲသစ်များ တစ်ရက် လျှင် အိတ် ၁၅၀ /၂၀၀ ကျော် ပြည်အနီးတဝိုက် ဒေသများနှင့် မင်းတုန်း၊ ကံမဒေသများမှ ဝင်ရောက်လျှက်ရှိပြီး ဒေသတွင်း လက်လီသမားများ ပုံမှန်ဝယ်ယူမှု ရှိကြပါသည်။ စားတော်ပဲအမျိုးအစားမှာ မင်းတုန်းစားတော်ပဲနှင့် ကျွန်းစားတော်ပဲ (၂)မျိုးရှိခဲ့ပြီး တစ်တင်း ၁၅၂၀၀၀ ကျပ်နှင့်ဈေးကွာခြားမှုမရှိဘဲ ဈေးတူရောင်းဝယ်နေကြပါသည်။ စားတော်ပဲ သီးနှံသည် ပဲဈေးကွက် အတွင်းနှစ်စဉ် လိုလိုဈေးကောင်း ရနေသည့် ပဲဖြစ်တာကြောင့် ယခုနှစ်မှာ အခြားပဲ အချို့ ဈေးအေးနေသော်လည်း စားတော်ပဲ သီးနှံကတော့ ဈေးအမြင့်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)