Main menu

ပဲနီပြားသီးနှံ လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်နေ

Powered by Drupal

   ပြည်ပဲမျိုးစုံဈေးကွက်မှာ ဒေသတွင်းစားသုံးမှုများသည့် ပဲသီးနှံများထဲတွင် ပဲနီပြားသီးနှံ အနေဖြင့် ဈေးကောင်းရလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ပဲသစ်များ နေ့စဉ်ဝင်ရောက်နေသည့်အတွက် တစ်ရက် အိတ် ၁၅၀/၂၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ပါသည်။ ပဲလက်ကျန်များလည်း ရှိနေခဲ့တာကြောင့် လက်လီ/လက်ကား ဝယ်လိုအားရှိနေမှုအပေါ် အဝယ်ရှိသလောက် ရောင်းချနေရကြောင်းသိရရပါသည်။ ပဲနီပြားသီးနှံဈေးမှာ တစ်တင်း ၁၁၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်အတွက် ပြည်ပဝယ်လက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများထက်ပင် ဈေးကောင်းရနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)