
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း လေ့လာသိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၇၅၀၀၀)ကျပ်၊ ပဲတီစိမ်း ထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း ရိုးရိုးတစ်တင်းလျှင်(၅၀၀၀)ကျပ်နှင့် ထွက်တိုး(၁)တင်းလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း ၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲ အနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ မြို့နယ်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)