Main menu

အာဖဂန်နစ္စတန်အနောက်ပိုင်းရှိ Saffron ရိတ်သိမ်းမှုမြင့်တက်လာ

Powered by Drupal

    အဖိုးတန်သီးနှံများစိုက်ပျိုးရန်ရေးပန်းစားသည့် အာဖဂန်နစ္စတန်အနောက်ပိုင်း Herat ပြည် နယ်တွင် Saffron ရိတ်သိမ်းမှုမြင့်တက်လာကြောင်းသိရသည်။ Saffron ရိတ်သိမ်းမှုသည် တစ်နှစ် ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း Herat စိုက်ပျိုးရေးဌာန၏ Saffron တင်ပို့မှုမြှင့် တင်ရေး အကြီးအကဲ Bashir Ahmad Ahmodi ၏ အဆိုကို ကိုးကား၍ Tolonews က ဧပြီလ ၆ ရက် နေ့ကဖော်ပြခဲ့သည်။ ယမန်နှစ်က Herat ခရိုင်အတွင်း Saffron တန်ချိန် တန် ၄၀ ကျော် ရိတ်သိမ်းခဲ့ ကြောင်းသိရသည်။ ယခုနှစ်တွင် Saffron စိုက်ပျိုးရေးပြည်နယ်အတွင်းရှိ မြေဧက ၁၀၀၀၀ ခန့်ကို ခွဲဝေ‌‌ပေးထားခဲ့ပြီး အာဖဂန်နစ္စတန်၏ အခြားပြည်နယ်များတွင်လည်း Saffron စိုက်ပျိုးရန် အတွက် မြေဧက များစွာခွဲဝေ‌ပေးထားကြောင်းသိရသည်။ ဒေသအခေါ်အဝေါ်အားဖြင့် “ရွှေနီ” ဟု လူသိများ သော Saffron များသည် အမြတ်အစွန်းများစွာရရှိသော သီးနှံတစ်မျိုးဖြစ်ပြီး နိုင်ငံတွင်းရှိ တောင်သူ လယ်သမားများအား တိုးမြင့်စိုက်ပျိုးရန်အတွက်လည်း တွန်အား‌ပေးလျှက်ရှိသည်။ ပြည်တွင်းစျေး ကွက်တွင် Saffron ၁ ကီလိုဂရမ်၏စျေးနှုန်းသည် အာဖဂန်နီ ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၀၈ ဝန်းကျင်) ခန့်ရှိပြီးစျေးနှုန်းမှာလည်း အဆက်မပြတ်မြင့်တက်လျှက်ရှိကြောင်းသိရသည်။

Source : Xinhua

DOCA(ရန်ကုန်)