Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ပင်လယ်စာတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

      ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ်သည် ပင်လယ်စာတင်ပို့မှုမှ တစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ပထမ ၂ လပတ်ကာလထက် ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရ သိရပါသည်။ ပုဇွန်နှင့် Tra ငါးတို့သည် တင်ပို့မှုကြီးထွားမှု၏ အဓိက မောင်းနှင်အားများဖြစ်ကြောင်း သိရပါသည်။ ပထမ ၃ လပတ်အကုန်တွင် ဗီယက်နမ်သည် ပုဇွန် တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၃၁.၆ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လ ပတ်ကာလထက် ၃၅.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုသို့မြင့်တက်လာမှုသည် တရုတ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂအစရှိသည့် အဓိကဈေးကွက်များထံမှ ဝယ်လိုအားမြင့်တက် လာမှုကြောင့် ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် Tra ငါးတင်ပို့မှုမှ တစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၄၆၅ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်ကာလထက် ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ်မှကျွမ်းကျင်သူများက ထိုအမျိုး အစား ၂ ခု တင်ပို့မှုကြီးထွား လာခြင်းသည် တည်ငြိမ်သောကုန်ကြမ်းပစ္စည်းရရှိမှုနှင့် တန်ဖိုးမြင့် ပြုပြင်ထုတ်လုပ်ထား သည့်ထုတ်ကုန်များထုတ်လုပ်မှုသို့ ဗျူဟာမြောက်ကူးပြောင်းမှုကြောင့် ဖြစ်ကြောင်း သိရပါ သည်။ သို့သော် ပထဝီနိုင်ငံရေးမသေချာမရေရာမှုများနှင့် အမေရိကန်၏ Anti-dumping အကောက်ခွန်( တင်သွင်းလာသည့်ကုန်ပစ္စည်းသည် အမျိုးအစားတူညီသည့် ပြည်တွင်း ထုတ်ကုန်၏ မျှတသောဈေးကွက်တန်ဖိုးထက်နည်းပါးသောကြောင့် ကောက်ခံသည့် အကောက် ခွန်) တို့ကြောင့် Tra ငါးတင်ပို့မှုသည် ပုဇွန်နှင့်နှိုင်းယှဉ် ပါက ကြီးထွားနှုန်းနှေးကွေးခဲ့ ကြောင်း သိရပါသည်။ ဗီယက်နမ်ပုဇွန်သည်လည်း အတက်ဖက်သို့ဦးတည်နေသော်လည်း ကုန်ကျစရိတ် နှင့် ထုတ်လုပ်နိုင်စွမ်းတွင် အားသာချက်ရှိနေသည့် အီကွေဒေါနှင့် အိန္ဒိယထံမှ ပြင်းထန်သော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထို့ပြင် ယခုနှစ်၏ ပထမ ၃ လပတ်ကာလ တွင် ဂဏန်း၊ Swimming Crab၊ ကမာနှင့် ဂုံးတင်ပို့မှုမှလည်း ဝင်ငွေ အမေရိကန် ဒေါ်လာ၈၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်ကာလထက် ၈၆.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တူနာတင်ပို့မှုမှာလည်း ၃.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၂.၇ သန်းရရှိခဲ့ကြောင်း သိရပါသည်။ VASEP ၏ ကျွမ်းကျင် ပညာရှင် ဖြစ်သူ Nguyen Ha က ဥရောပသမဂ္ဂ၏ တရားမဝင်သော၊ အစီရင်မခံသော၊ စည်းမျဉ်းနှင့် မညီသော ငါးဖမ်းခြင်းအပေါ် စည်းမျဉ်းများသည် ဗီယက်နမ်ပင်လယ်စာလုပ်ငန်း အထူးသဖြင့် တူနာကဏ္ဍတွင် သိသာသောစိန်ခေါ်မှုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus

DOCA(ရန်ကုန်)