Main menu

ဗီယက်နမ်အပေါ်ချမှတ်ထားသည့် အကောက်ခွန် ၄၆ ရာခိုင်နှုန်းကိုရွှေ့ဆိုင်းပေးရန် အမေရိကန်နှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ထရမ့်ကိုတောင်းဆို

Powered by Drupal

     အမေရိကန်နှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ထရမ့်အုပ်ချုပ်ရေးအဖွဲ့အား ၎င်းတို့၏ ဗီယက်နမ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၄၆ ရာခိုင်နှုန်းတိုးမြင့်ရန် စီစဉ်ထားမှု ကို ရွှေ့ဆိုင်း ရန်တောင်းဆိုခဲ့ပြီး ထိုစည်းကျပ်မှုသည် ၎င်းတို့နှင့် အပြန်အလှန် စီးပွားရေးဆက်နွယ်မှုများကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(VCCI)နှင့် ဟနွိုင်းမြို့ရှိ အမေရိကန်ကုန်သည်များအသင်းချုပ် (AmCham) တို့က  ဧပြီလ ၆ ရက်နေ့တွင် အသက်ဝင်မည့် ထိုအကောက်ခွန်နှုန်း အပေါ် စိုးရိမ်ကြောင်း အမေရိကန် စီးပွားကူးသန်းဝန်ကြီးဌာန၏ အတွင်းရေးမှူး Howard Lutnick ထံ စာရေးသားပေးပို့ခဲ့ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ဗီယက်နမ်သို့ ရောက်ရှိ လာမည့်ထုတ်ကုန်များနှင့် အမေရိကန်စားသုံးသူထံသို့ရောက်ရှိမည့်ထုတ်ကုန်များအတွက် နည်းပါးသောအကောက်ခွန်များ သည် အမေရိကန်ကုမ္ပဏီများ၊ စီးပွားရေးနှင့် စားသုံးသူများကို ကူညီပေးနိုင်မည်ဖြစ်ပြီး မြင့်မား သောအကောက်ခွန်များက မကူညီပေးနိုင်ကြောင်း AmCham နှင့် VCCI တို့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။ အနောက်နိုင်ငံများမှများစွာသော ကုမ္ပဏီများအတွက် ဒေသတွင်းအဓိက ထုတ်လုပ်ရာအခြေစိုက်ဖြစ်ခဲ့သည့် ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ထံမှ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၂၃ ဘီလီယံရရှိခဲ့ပြီး အမေရိကန်သည် ၎င်းတို့၏ အကြီးမားဆုံးတင်ပို့ရာနိုင်ငံဖြစ်ခဲ့ကြောင်း သိရပါသည်။ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗီယက်နမ် ခေါင်းဆောင် To Lam တို့သည် အကောက်ခွန်များ ဖယ်ရှားရန်အတွက် သဘောတူညီချက်‌ ဆွေးနွေးသွားမည်ဟု ဧပြီလ ၄ ရက်နေ့က ဖုန်းပြောဆို ပြီးနောက် သဘောတူခဲ့ကြကြောင်း သိရပါသည်။ ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာအကောက်ခွန်များ တိုးမြှင့်ရန် ဧပြီလ ၂ ရက်နေ့က မကြေညာ မီ ဗီယက်နမ်သည် လေယာဉ်များနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအစရှိသည့် အမေရိကန် ကုန်ပစ္စည်းများပိုမိုဝယ်ယူရန် ကတိပြုမှုပါဝင်သည့် အမေရိကန်အပေါ်များစွာသောဖြေလျှော့မှု များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် များစွာသောအကောက်ခွန်များ ဖြတ်တောက်ခဲ့ကြောင်း သိရပါ သည်။ AmCham နှင့် VCCI တို့က မြန်ဆန်ပြီးမျှတသောသဘောတူညီချက်သည် စီးပွားရေး လုပ်ငန်းများအတွက် သေချာမှုပေးနိုင်မည်ဖြစ်ပြီး နိုင်ငံနှစ်ခုလုံးအတွက်အကျိုးရှိစေမည့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ညီမျှမှုမရှိခြင်းကို ပြုပြင်ရန်ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

Bangkok Post

DOCA(ရန်ကုန်)